Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan က 4NB Software VIDEO CONFERENCE အကြောင်းအား ရှင်းလင်းတင်ပြစဉ်
Author
sunlab_rnd
Date
2020-09-16 22:11
Views
199
Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan က 4NB Software VIDEO CONFERENCE အကြောင်းအား ရှင်းလင်းတင်ပြစဉ်
ဝန်ကြီးချုပ်နှင့်အဖွဲ့ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း
နိုဝင်ဘာ ၉
————————————

(၉.၁၁.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပဲခူးတိုင်းဒေသကြီးမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲ၌ Ibiznet Technology Co., Ltd မှ Mr. Kim Toe Wan က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် 4NB Software VIDEO CONFERENCE အသုံးပြုနိုင်ရေး လာရောက်ရှင်းလင်း တင်ပြရခြင်းဖြစ်ကြောင်း၊ မိမိတို့ 4NB Software သည် အသုံးပြုရလွယ်ကူပြီး၊ ကွန်ပျူတာများ၊ OS Version နှင့် Android Version များတွင် အသုံးပြုနိုင်ပါကြောင်း၊ Mobile ဖုန်းများတွင် အသုံးပြု မည်ဆိုပါက (၁၆)ယောက်အထိ တစ်ပြိုင်တည်း အသုံးပြုနိုင်ပြီး၊ ကွန်ပျူတာဖြင့် ချိတ်ဆက်အသုံးပြု မည်ဆိုပါက (၆၄)ဦးအထိ အသုံးပြုနိုင်ပါကြောင်း၊ မိမိတို့ 4NB Software အသုံးပြုခြင်းဖြင့် အစည်းအဝေးအတွက် သွားလာရသည့် ကုန်ကျစရိတ်၊ ကြာမြင့်ချိန်စသည့် ကိစ္စရပ်များအား မရှိပါ ကြောင်း၊ ဘယ်နေရာ၊ ဘယ်အချိန်တွေမဆို အင်တာနက်လိုင်းရှိရုံဖြင့် အစည်းအဝေးများ၊ အထူး မှာကြားချက်များ၊ ထူခြားဖြစ်စဉ်များအား
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်၍ 4NB Software VIDEO CONFERENCE သည် လိုအပ်ကြောင်း၊ ဒါမှသာ အချိန်ကုန်သက်သာစေခြင်း၊ ခရီးသွားလာသည့် ကုန်ကျစရိတ်များ လျော့နည်းလာမည်ဖြစ်ကြောင်း၊ ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် သဘာဝဘေး အန္တရာယ် ကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာသိရှိရပြီး၊ လိုအပ်သည့် ဆုံးဖြတ်ချက်များလည်း တစ်ပါတည်း ချမှတ်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းနှင့် ယခုလိုလာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ထံသို့ Mr. Kim Toe Wan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ